Hip Hop Legend တစ်ယောက်ဖြစ်တဲ့အပြင် Fashion Trend တွေဖန်တီးခဲ့တဲ့ Slick Rick ပြောခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ အခုခေတ်မှာဆိုရင် Fashion အမြင်ရှိဖို့က အတော်လေးကို အရေးပါနေပြီး Music နဲ့ Style ဟာလည်း ခွဲမရလောက်အောင်ကို ချိတ်ဆက်နေပါတယ်။ ဒါကြောင့် Rolling Stone ရဲ့ Voting တွေအရ ရွေးချယ်ခံရတဲ့ 2023 အတွက် Fashion အကျဆုံး နာမည်ကျော် အဆိုတော် (၂၅) ယောက်ထဲမှ နံပါတ်စဥ် (၁၅) မှ (၆) အထိ ဖော်ပြပေးလိုက်ပါတယ်။ ကျန်ရှိနေတဲ့ Top 5 ကို မနက်ဖန်မှ ထပ်မံဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
A$AP Rocky
“Best dressed man in Hip Hop” ဆိုတဲ့ Title ကို A$AP Rocky တစ်ယောက်ပိုင်ဆိုင်ထားတာ ကြာသလို အမြဲတမ်းလည်း ဒီ Title နဲ့ ထိုက်တန်ကြောင်းကို ဖော်ပြနေတာဖြစ်ပါတယ်။ မနှစ်က သူ့ရဲ့ Hits အဖြစ်ဆုံးကတော့ Raf Simons ရဲ့ Black Short Suits ကို အလိုက်ဖက်ဆုံးဖြစ်အောင် ဝတ်ပြခဲ့တာဖြစ်ပြီး အဲ့ဒါကြောင့်လည်း Dior နဲ့ Raf Simons တို့လို Fashion House တွေရဲ့ သဘောကျနှစ်သက်ခြင်းကို ခံနေရတာပါ။
Björk
Björk ဟာ သူစတင်ပေါ်ထွက်လာတဲ့ 1980s နောက်ပိုင်းကနေ ခုချိန်ထိ တစ်ခါမှ မရိုးရတဲ့ Fachion ဒီဇိုင်းအဆန်းတွေနဲ့ ဖျော်ဖြေတင်ဆက်လာတာဖြစ်ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ Album ရဲ့ Visual မှာလည်း James Merry ရဲ့ Custom Headpieces ကို ဝတ်ဆင်ပြီး Alien တစ်ယောက်လို ဖော်ပြထားခဲ့တာပါ။
Doechii
Doechii ကတော့ Career အခုမှ စတင်တာမကြာသေးသည့်တိုင် သူ့ရဲ့ Style တွေဟာ ဒီ List ထဲက တခြားသူတွေရဲ့ Level တန်းကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ Creative ဖြစ်ပြီး Confident ရှိတဲ့ Style မျိုးတွေနဲ့ သူ့ကိုမြင်လိုက်တဲ့သူတိုင်းကို ဆွဲဆောင်နေနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
Omar Apollo
မက်ဆီကိုလူမျိုး အမေရိကန် Pop Star တစ်ယောက်ဖြစ်တဲ့ Omar Apollo ရဲ့ Minimalist Style ဟာ ရိုးရှင်းပေမယ့် Powerful ဖြစ်လှပါတယ်။ သူ့ရဲ့ “Evergreen” MV ထဲမှာဆိုရင် Flannel အပြဲ လည်သာဘောင်းဘီတို့ကို ဝတ်ထားပြီး သူ့ရဲ့ MV ကို အရိုးရှင်းဆုံးနဲ့ Vulnerability ဖြစ်မှုတို့ကို အကောင်းဆုံး ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။
Rina Sawayama
ဘယ်လို Style မျိုးမဆို Rina Sawayama က သူ့ရဲ့ ကိုယ်ပိုင်အဖြစ်ကို ပြောင်းလဲပစ်နိုင်စွမ်းရှိပါတယ်။ အဲ့ဒါအပြင် သူ့ရဲ့ Style က ခန့်မှန်းရခက်တယ်၊ ပြင်းထန်တယ်၊ ပွင့်ပွင့်လင်းလင်းရှိတဲ့အပြင် တခါတလေမှာ ပေါ့ပါးတဲ့ ဟာသအမြင်လည်း တွေ့ရတတ်ပါတယ်။
FKA Twigs
“Thank You Song” ဆိုတဲ့ သီချင်းထဲမှာ FKA Twigs ဟာ သူရဲ့ Relationship မှာခံစားခဲ့ရတဲ့ Emotional, Physical, Mental Abuse တွေကို ပန်းနုရောင်ဆွယ်တာ၊ စုတ်ပြဲနေတဲ့စကပ်တို့နဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူဟာလွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလုံးမှာလည်း အဲ့ဒီလို စိတ်ခံစားချက်တွေကို အမိုက်စား Idea တွေနဲ့ Fashion အဖြစ်ပြော်င်းလဲ ဖော်ပြနေတာဖြစ်ပါတယ်။
Moses Sumney
“Wearing all black has taught me discipline” လို့ ဆိုတဲ့ Moses Sumney တစ်ယောက်ကတော့ အမည်းရောင်ဝတ်စုံတွေနဲ့ Stunning ဖြစ်လွန်းနေပါတယ်။ Stylish ဖြစ်ဖို့ အရောင်စုံဖို့မလိုဘူး Fashion အမြင်ရှိဖို့နဲ့ Courage ရှိဖို့ပဲ လိုတယ်ဆိုတာကို Sumney တစ်ယောက်ကတော့ မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။
Bad Bunny
Bad Bunny ရဲ့ မျှော်မှန်းရခက်တဲ့ Style အမြင်တွေနဲ့ ပြောင်းလဲလာတဲ့သီချင်းတွေကပဲ သူ့ကို Most Stylish Musician List ထဲကို ရောက်လာစေပါတယ်။ ဒါပေမယ့် အဲ့ဒီလို မျှော်မှန်းရခက်တဲ့ Next Level Style တွေကပဲ Bad Bunny ရဲ့ Signature လို့ပြောရင် မှားမယ်မထင်ပါဘူး။
Tyler, The Creator
Ushanka ဆောင်းထားပြီး Short Suit နဲ့ Loafers ဝတ်ထားတာမြင်တာနဲ့ Tyler လားလို့ ထင်ရလောက်အောင် သူ့ရဲ့ Style က Powerful ဖြစ်ပါတယ်။ သူ့ရဲ့ Schoolboy Style က ခုနောက်ပိုင်း လူငယ်ယောက်ျားလေးတွေ ကြားထဲမှာ အတော်လေးကို ခေတ်စားလာနေပါတယ်။
Blackpink
Streetwear Style နဲ့ Rock & Roll Style တို့ကို ပေါင်းစပ်ပြသနေတဲ့ သူတို့အဖွဲ့ကတော့ ဒီ List ထဲပါနေတာ ထူးဆန်းမယ်မထင်ပါဘူး။ သူတို့ရဲ့ တမူထူးခြားတဲ့ Style တွေနဲ့ MV တိုင်းမှာ လူတိုင်းရဲ့ အာရုံကို ဖမ်းစားနေပြီး ခေတ်ရှေ့ပြေး Trend တွေကို ဖန်တီးနေတာဖြစ်ပါတယ်။