Children Of Bodom တီးဝိုင်းရဲ့ အဆိုတော် Alexi Laiho တစ်ယောက် ရုတ်တရက် ကွယ်လွန်သွားကြောင်းကို သူ့ရဲ့ Record Label ဖြစ်တဲ့ Napalm Record က CNN ကို အတည်ပြုလိုက်ပါပြီ။ သေဆုံးချိန်မှာ အသက် ၄၁ နှစ် အရွယ်ပဲ ရှိသေးတာပါ။
Napalm Record ရဲ့ သတင်း ထုတ်ပြန်ချက်အရ "Alexi Laiho ဆုံးပြီဆိုတာကို ကြေညာဖို့အတွက် ကျွန်တော်တို့ရဲ့ စိတ်တွေ လေးလံနေသလို အများကြီး စိတ်မကောင်း ဖြစ်ရပါတယ်" လို့ ဆိုပါတယ်။
တီးဝိုင်းဖော်တွေ ဖြစ်တဲ့ Daniel, Mitja နဲ့ Waltteri တို့ကလည်း "ကျွန်တော်တို့ရဲ့ ချစ်ရတဲ့ သူငယ်ချင်း၊ နောက်ပြီး တီးဝိုင်းဖော် တစ်ယောက်ကို ရုတ်တရက်ကြီး ဆုံးရှုံးလိုက်ရလို့ လုံးဝကို ဆောက်တည်ရာမရအောင် ခံစားနေရပါတယ်" လို့ ဆက်ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်လောက်ကတည်းက နာတာရှည်ရောဂါ ဖြစ်နေတဲ့ Laiho တစ်ယောက် Helsinki မှာရှိတဲ့ သူ့နေအိမ်မှာပဲ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကွယ်လွန်သွားတာလို့ သူ့ရဲ့ official Facebook စာမျက်နှာက ပို့စ်အရ သိရပါတယ်။
IneartheD ဆိုတဲ့ နာမည်နဲ့ ၁၉၉၃ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ Children of Bodom တီးဝိုင်းမှာ Laiho က အဆိုတော် ဂစ်တာသမားအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးအကြိမ်အဖြစ် စင်ပေါ်မှာ ဖျော်ဖြေခဲ့တာပါ။
တစ်ဦးချင်း အောင်မြင်မှုတွေအဖြစ် Guitar Word Magazine က ရွေးချယ်တဲ့ "Best Metal Guitarist" ဆို "Metal Hammer Golden Gods Award" အပြင် အခြား နိုင်ငံတကာ ဆုတံဆပ်များစွာကိုလည်း ရရှိခဲ့ပါတယ်။
ArtNation Entertainment ကနေ သူငယ်ချင်းတို့နဲ့ အတူနားဆင်လို့ရအောင် Children Of Bodom ရဲ့အကောင်းဆုံးသီချင်းတွေထဲက အကြိုက်ဆုံး 11 ပုဒ်ကိုလည်း မျှဝေပေးလိုက်ပါတယ်။
Deadnight Warrior (Something Wild, 1997)
Downfall (Hatebreeder, 1999)
Everytime I Die (Follow the Reaper, 2000)
Hate Me (Follow the Reaper, 2000)
Hate Crew Deathroll (Hate Crew Deathroll, 2003)
Needled 24⁄7 (Hate Crew Deathroll, 2003)
Angels Don’t Kill (Hate Crew Deathroll, 2003)
Are You Dead Yet? (Are You Dead Yet?, 2005)
I Worship Chaos (I Worship Chaos, 2015)
Morrigan (I Worship Chaos, 2015)