Hip Hop Legend တစ်ယောက်ဖြစ်တဲ့အပြင် Fashion Trend တွေဖန်တီးခဲ့တဲ့ Slick Rick ပြောခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ အခုခေတ်မှာဆိုရင် Fashion အမြင်ရှိဖို့က အတော်လေးကို အရေးပါနေပြီး Music နဲ့ Style ဟာလည်း ခွဲမရလောက်အောင်ကို ချိတ်ဆက်နေပါတယ်။ ဒါကြောင့် Rolling Stone ရဲ့ Voting တွေအရ ရွေးချယ်ခံရတဲ့ 2023 အတွက် Fashion အကျဆုံး နာမည်ကျော် အဆိုတော် (၂၅) ယောက်ထဲမှ နံပါတ်စဥ် (၁၅) မှ (၆) အထိ ဖော်ပြပေးလိုက်ပါတယ်။ ကျန်ရှိနေတဲ့ Top 5 ကို မနက်ဖန်မှ ထပ်မံဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
A$AP Rocky
“Best dressed man in Hip Hop” ဆိုတဲ့ Title ကို A$AP Rocky တစ်ယောက်ပိုင်ဆိုင်ထားတာ ကြာသလို အမြဲတမ်းလည်း ဒီ Title နဲ့ ထိုက်တန်ကြောင်းကို ဖော်ပြနေတာဖြစ်ပါတယ်။ မနှစ်က သူ့ရဲ့ Hits အဖြစ်ဆုံးကတော့ Raf Simons ရဲ့ Black Short Suits ကို အလိုက်ဖက်ဆုံးဖြစ်အောင် ဝတ်ပြခဲ့တာဖြစ်ပြီး အဲ့ဒါကြောင့်လည်း Dior နဲ့ Raf Simons တို့လို Fashion House တွေရဲ့ သဘောကျနှစ်သက်ခြင်းကို ခံနေရတာပါ။