Artist Image

Runaway Bride Band

Biography

Alternative နှင့် Modern Rock တွေကို ဖန်တီးတဲ့ Runaway Bride Band ကို 2012 လောက်မှာ သူငယ်ချင်း(၅)ယောက်ကနေ စတင်တည်ထောင်ခဲ့ပြီး 2012 ကနေ 2018 ဝန်းကျင်လောက်အထိ အချို့ သော Underground ပွဲများ ၊ Music Festival များမှာပါဝင်ဖျော်ဖြေခဲ့ပါတယ် ။ 2018 နောက်ပိုင်းကာလမှာတော့ အကြောင်းအမျိုးမျိုးကြောင့် inactive ဖြစ်လာပြီး Recording Music Production ပိုင်းကိုသာ အားထည့်လုပ်ကိုင်ခဲ့ပါတယ်။ အခု လာမယ့် 20th June 2025 မှာတော့ Band ရဲ့ ပထမဆုံး album"မလိုချင်တော့တဲ့ အပိုင်းအစ" များထွက်ရှိလာမှာ ဖြစ်ပါတယ်။ Album ထဲက သီချင်းအများစုက လွန်ခဲ့တဲ့ (၁၀)နှစ်ခန့်လောက်က ရေးသားဖန်တီးထားပြီး 2018 ခုနှစ် ဝန်းကျင်မှာနောက်ဆုံး Record ခဲ့တာဖြစ်ပါတယ်။ Band သက်တမ်းတစ်လျောက်မှာ member ဝင်အချို့ အပြောင်းအလဲရှိခဲ့ပြီး ယခုလက်ရှိ member ဝင်များအနေနဲ့ Thura(vocalist), Eh Khu (Guitarist) , Agal lay(Guitarist) ,Saw Micheal (Bass) , Mike Shaker (Drums) တို့နဲ့ ရှေ့ဆက်နေပါတယ်။